“ဂျပ်ဆင်ထိပ်က လရိပ်ပြာ” သီချင်းထဲက ပြန်မလာနိုင်ခဲ့တဲ့ အဆောင်သူလေး တစ်ယောက်အကြောင်း”

ရန်ကုန်တက္ကသိုလ် နှစ်၁၀၀ပြည့် အမှတ်တရတေးတွေထဲမှာအခိုက်ဆုံးသီချင်းက ကိုငှက်(ထူးအိမ်သင်)ရေးတဲ့” ဂျပ်ဆင်ထိပ်က လရိပ်ပြာ” ပါ။ အဲဒီသီချင်းကိုပထမ အမျိုးသမီးအဆိုတော်တစ်ယောက်ဆိုဖူးတယ်။

ကိုငှက်ကတော့ “အတ္တပုံဆောင်ခဲများ” အခွေထဲမှာပြန်လည်သီဆိုထားတာပါ။အခွေက ၁၉၈၈အရေးတော်ပုံအလွန် ကျောင်းသားသွေးတွေပူနွေးစွတ်စိုဆဲကာလမှာထွက်ရှိခဲ့တာပါ။

သာမန်အားဖြင့်ကြည့်ရင်အချစ်သီချင်းရိုးရိုးလေးလို့ ထင်ရပေမယ့် ကိုငှက်ကသူကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ ပူပူနွေးနွေး သမိုင်းတစ်ရပ်ကို ပါးပါးလေးရေးဖွဲ့ခဲ့တာပါ။

ရသလည်းမြောက်စေ ဆင်ဆာလည်းလွတ်စေပေါ့။အရေးတော်ပုံအပြီး ကျောင်းတွေပြန်ဖွင့်တော့ အကြောင်းအမျိုးမျိုးနဲ့ကျောင်းဝန်းထဲပြန်မရောက်နိုင်တော့တဲ့ ကျောင်းသားတွေလည်းအများအပြားရှိခဲ့တာပေါ့။နွေကျောင်းပိတ်ရက်တွေလွန်ချိန်မှာသူပြန်မလာနိုင်ပြီပဲ..တဲ့။

ရန်ကုန်တက္ကသိုလ်ကြီးသို့ပညာလာရောက်သင်ကြားနေသည့် အဆောင်သူလေးကို စွဲလန်းနှစ်သက်နေသောလူငယ်လေးတစ်ယောက်သည်အဆောင်သူလေး၏အဆောင်အောက်အမှောင်ရိပ်ကလေး တစ်နေရာတွင် ရင်ခုန်သံတို့ကိုအခြေခံထားသော တေးသီချင်းတို့အား ဂစ်တာတစ်လက်ဖြင့် တွဲဖက်သီဆိုနေလေ့ရှိသည်။

အဆောင်သူကလေးသည် ဂျပ်ဆင်ထိပ်ကလမင်းလေးအလား ငြိမ်းချမ်းအေးမြသော အလှတရားတို့ဖြင့် ပြီးပြည့်စုံနေသူဖြစ်ပြီး လူငယ်လေး၏ သီချင်းတို့ကို သာယာနားစွင့်ရင်း နှလုံးသား၂ ခုတို့နားလည်မှုအပြည့်ဝ ရရှိသွားလေခဲ့သည်။

မကြာမှီ ၈၈အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။အဆောင်သူလေးထိုအနားသို့ရောက်သွားစဉ် ကံအကြောင်းမလှမှုကြောင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရလေတော့သည်။

ဘယ်ဆီ၊ဘယ်အခြေနေသို့ ရောက်လေသည်ကိုမသိနိုင်အောင်အဆက်အသွယ် ပြတ်တောက်သွားသဖြင့် စောင့်နေရုံမှတပါး နည်းလမ်းမရှိတော့ချေ။နွေရာသီကျောင်းပိတ်ရက်တို့ ကျော်လွန်ပြီး ကျောင်းပြန်ဖွင့်ချိန်ရောက်သော်လည်း အဆောင်သူလေးပြန်ရောက်မလာတော့ချေ။

ညဉ့်နက်သန်းခေါင်နိုးတစ်ဝက်အိပ်မက်တွင်မီးမထွန်းသောအခန်းကျဉ်းလေးထဲတွင်လိပ်ပြာငယ်လေးတစ်ကောင်ဝဲပျံနေသည်။ဤအိပ်မက်သည်တကယ်တော့ အဆောင်သူလေးကသူသိပ်ချစ်သောလူငယ်လေးကို အိပ်မက်လာပေးခြင်းဖြစ်သည်။

အဆောင်နံရံပေါ်တွင်ပုံရိပ်ဝိုးတဝါး မြင်ရနိုးနိုးဖြင့် နေဝင်ပြီဆိုလျှင်ဂစ်တာတစ်လက်ယူပြီးသီချင်းတို့ကို သွားရောက်သီကျူးရင်းနှလုံးသားကားစွဲလန်းသောစိတ်မီးတို့ဖြင့် လောင်မြုက်နေသည်ဂျပ်ဆင်ထိပ်တွင်လရိပ်ကလေးသာနေသည်သို့သော်လူငယ်၏ဘဝတစ်သက်သာလက်တွဲဖော်ကားမျက်ရည်သာဖြစ်လေတော့သည်။

Credit to original

Zawgyi
ရန္ကုန္တကၠသိုလ္ ႏွစ္၁၀၀ျပည့္ အမွတ္တရေတးေတြထဲမွာအခိုက္ဆုံးသီခ်င္းက ကိုငွက္(ထူးအိမ္သင္)ေရးတဲ့ ဂ်ပ္ဆင္ထိပ္က လရိပ္ျပာ ပါ။ အဲဒီသီခ်င္းကိုပထမ အမ်ိဳးသမီးအဆိုေတာ္တစ္ေယာက္ဆိုဖူးတယ္။

ကိုငွက္ကေတာ့ အတၱပုံေဆာင္ခဲမ်ား အေခြထဲမွာျပန္လည္သီဆိုထားတာပါ။အေခြက ၁၉၈၈အေရးေတာ္ပုံအလြန္ ေက်ာင္းသားေသြးေတြပူႏြေးစြတ္စိုဆဲကာလမွာထြက္ရွိခဲ့တာပါ။

သာမန္အားျဖင့္ၾကည့္ရင္အခ်စ္သီခ်င္းရိုးရိုးေလးလို႔ ထင္ရေပမယ့္ ကိုငွက္ကသူကိုယ္တိုင္ျဖတ္သန္းခဲ့တဲ့ ပူပူႏြေးႏြေး သမိုင္းတစ္ရပ္ကို ပါးပါးေလးေရးဖြဲ႕ခဲ့တာပါ။

ရသလည္းေျမာက္ေစ ဆင္ဆာလည္းလြတ္ေစေပါ့။အေရးေတာ္ပုံအၿပီး ေက်ာင္းေတြျပန္ဖြင့္ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ေက်ာင္းဝန္းထဲျပန္မေရာက္နိုင္ေတာ့တဲ့ ေက်ာင္းသားေတြလည္းအမ်ားအျပားရွိခဲ့တာေပါ့။ႏြေေက်ာင္းပိတ္ရက္ေတြလြန္ခ်ိန္မွာသူျပန္မလာနိုင္ၿပီပဲ..တဲ့။

ရန္ကုန္တကၠသိုလ္ႀကီးသို႔ပညာလာေရာက္သင္ၾကားေနသည့္ အေဆာင္သူေလးကို စြဲလန္းႏွစ္သက္ေနေသာလူငယ္ေလးတစ္ေယာက္သည္အေဆာင္သူေလး၏အေဆာင္ေအာက္အေမွာင္ရိပ္ကေလး တစ္ေနရာတြင္ ရင္ခုန္သံတို႔ကိုအေျခခံထားေသာ ေတးသီခ်င္းတို႔အား ဂစ္တာတစ္လက္ျဖင့္ တြဲဖက္သီဆိုေနေလ့ရွိသည္။

အေဆာင္သူကေလးသည္ ဂ်ပ္ဆင္ထိပ္ကလမင္းေလးအလား ၿငိမ္းခ်မ္းေအးျမေသာ အလွတရားတို႔ျဖင့္ ၿပီးျပည့္စုံေနသူျဖစ္ၿပီး လူငယ္ေလး၏ သီခ်င္းတို႔ကို သာယာနားစြင့္ရင္း ႏွလုံးသား၂ ခုတို႔နားလည္မႈအျပည့္ဝ ရရွိသြားေလခဲ့သည္။

မၾကာမွီ ၈၈အေရးေတာ္ပုံႀကီး ေပၚေပါက္လာခဲ့သည္။အေဆာင္သူေလးထိုအနားသို႔ေရာက္သြားစဥ္ ကံအေၾကာင္းမလွမႈေၾကာင့္ ဖမ္းဆီးေခၚေဆာင္ျခင္း ခံရေလေတာ့သည္။

ဘယ္ဆီ၊ဘယ္အေျခေနသို႔ ေရာက္ေလသည္ကိုမသိနိုင္ေအာင္အဆက္အသြယ္ ျပတ္ေတာက္သြားသျဖင့္ ေစာင့္ေန႐ုံမွတပါး နည္းလမ္းမရွိေတာ့ေခ်။ႏြေရာသီေက်ာင္းပိတ္ရက္တို႔ ေက်ာ္လြန္ၿပီး ေက်ာင္းျပန္ဖြင့္ခ်ိန္ေရာက္ေသာ္လည္း အေဆာင္သူေလးျပန္ေရာက္မလာေတာ့ေခ်။

ညဉ့္နက္သန္းေခါင္နိုးတစ္ဝက္အိပ္မက္တြင္မီးမထြန္းေသာအခန္းက်ဥ္းေလးထဲတြင္လိပ္ျပာငယ္ေလးတစ္ေကာင္ဝဲပ်ံေနသည္။ဤအိပ္မက္သည္တကယ္ေတာ့ အေဆာင္သူေလးကသူသိပ္ခ်စ္ေသာလူငယ္ေလးကို အိပ္မက္လာေပးျခင္းျဖစ္သည္။

အေဆာင္နံရံေပၚတြင္ပုံရိပ္ဝိုးတဝါး ျမင္ရနိုးနိုးျဖင့္ ေနဝင္ၿပီဆိုလွ်င္ဂစ္တာတစ္လက္ယူၿပီးသီခ်င္းတို႔ကို သြားေရာက္သီက်ဴးရင္းႏွလုံးသားကားစြဲလန္းေသာစိတ္မီးတို႔ျဖင့္ ေလာင္ျမဳက္ေနသည္ဂ်ပ္ဆင္ထိပ္တြင္လရိပ္ကေလးသာေနသည္သို႔ေသာ္လူငယ္၏ဘဝတစ္သက္သာလက္တြဲေဖာ္ကားမ်က္ရည္သာျဖစ္ေလေတာ့သည္။

Credit to original