အခုမြင်ရတာကတော့ ရှေးခေတ်က ဆရာဝန်တွေ အလွန်အားကိုးရတဲ့ နားကြပ်ဖြစ်ပါတယ်။
မီးပြောင်း ၊ ဝါးလုံးပိုင်းကြီးကို ဘယ်က နားကြပ်တုန်း ဆိုပြီး အံသြသွားလား မသိဘူး။ တကယ်ပါ..ဒါဟာ ပထမဆုံး ဆရာဝန်တွေ နားကြပ်အဖြစ် စတင်သုံးစွဲခဲ့တဲ့ ကိရိယာဖြစ်ပါတယ်။
ဒီနားကြပ်ကို တီထွင်သူကတော့ ပြင်သစ် သမားတော် Rene Theophile Laennec ဆိုသူပါ။ အစတုန်းကတော့ လူနာကို စမ်းသပ်တဲ့အခါ ရင်ဘတ်ကို နားနဲ့ကပ်ပြီး နားထောင်ရပါတယ်။ သိပ်ပြီး သဲသဲကွဲကွဲမကြားရပဲ ခန့်မှန်းပြီး နားထောင် ရတာပါ။
တစ်နေ့ သူ ပြတင်းပေါက်က ကြည့်နေတုန်းကလေး အချို့ဟာ ပန်းခြံထဲမှာ ဆော့နေတာကို တွေ့လိုက်ရပါတယ်။
အခေါင်းပါတဲ့ သစ်သားချောင်းရှည်တစ်ချောင်းကို တစ်ဘက်က ကလေးတစ်ယောက်က နားထောင်ပြီး တစ်ဖက်က လက်ချောင်းနဲ့ခေါက်နေတာပါ။ အဲလို ဆော့နေတာကိုမြင်ပြီး တဲ့နောက် သူ အကြံရသွားပါတယ်။
နောက်တစ်နေ့ ဆေးရုံသွားတဲ့အခါ ကတ်ထူစက္ကူ ချောင်းတစ်ချောင်းကို ယူသွားပြီးတော့ လူနာကို ထောက်ကာ စမ်းကြည့်ပါတယ်။
အံသြစရာကောင်းလောက်အောင်ပဲ အရင်ကနားထက်နားထောင်တာထက်ပိုပြီး နှလုံးခုန်သံတွေကို ကျယ်လောင်စွာပီပီသသ ကြားလိုက်ရပါတယ်။
အဲဒီနောက်တော့ သူဟာ နှလုံးဘယ်လိုမြည်ရင် ဘယ်လိုအသံ ၊ အဆုတ်ကဘယ်လို သံ အစရှိသဖြင့် အသံမျိုးစုံကို သုတေသနလုပ်ပြီး မှတ်တမ်းတင်ပါတယ်။
အားလုံးနီးပါးပြည့်စုံ တဲ့အချိန် ၁၈၁၉ ခုနှစ်မှာ သူ့ပြုစုထားတဲ့ စာအုပ်နဲ့ စက္ကူနားကြပ် ကို ချပြလိုက်ပါတယ်။ ဒါဟာ အဲဒီခေတ်က ဆရာဝန်တွေအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်တော့ ကတ်ထူစက္ကူ ကနေ သစ်သား ၊ ထိပ်ပိုင်း အဝကျယ်တဲ့ ဒီဇိုင်းတွေကနေ ယနေ့ခေတ် ဆရာဝန်သုံးနားကြပ်တွေအထိ အဆင့်ဆင့်တိုးတက်လာခဲ့ပါတယ်။
credit – သုတဇုန်
Zawgyi
အခုျမင္ရတာကေတာ့ ေရွးေခတ္က ဆရာဝန္ေတြ အလြန္အားကိုးရတဲ့ နားၾကပ္ျဖစ္ပါတယ္။
မီးေျပာင္း ၊ ဝါးလုံးပိုင္းႀကီးကို ဘယ္က နားၾကပ္တုန္း ဆိုၿပီး အံၾသသြားလား မသိဘူး။ တကယ္ပါ..ဒါဟာ ပထမဆုံး ဆရာဝန္ေတြ နားၾကပ္အျဖစ္ စတင္သုံးစြဲခဲ့တဲ့ ကိရိယာျဖစ္ပါတယ္။
ဒီနားၾကပ္ကို တီထြင္သူကေတာ့ ျပင္သစ္ သမားေတာ္ Rene Theophile Laennec ဆိုသူပါ။ အစတုန္းကေတာ့ လူနာကို စမ္းသပ္တဲ့အခါ ရင္ဘတ္ကို နားနဲ႕ကပ္ၿပီး နားေထာင္ရပါတယ္။ သိပ္ၿပီး သဲသဲကြဲကြဲမၾကားရပဲ ခန႔္မွန္းၿပီး နားေထာင္ ရတာပါ။
တစ္ေန႕ သူ ျပတင္းေပါက္က ၾကည့္ေနတုန္းကေလး အခ်ိဳ႕ဟာ ပန္းၿခံထဲမွာ ေဆာ့ေနတာကို ေတြ႕လိုက္ရပါတယ္။
အေခါင္းပါတဲ့ သစ္သားေခ်ာင္းရွည္တစ္ေခ်ာင္းကို တစ္ဘက္က ကေလးတစ္ေယာက္က နားေထာင္ၿပီး တစ္ဖက္က လက္ေခ်ာင္းနဲ႕ေခါက္ေနတာပါ။ အဲလို ေဆာ့ေနတာကိုျမင္ၿပီး တဲ့ေနာက္ သူ အႀကံရသြားပါတယ္။
ေနာက္တစ္ေန႕ ေဆး႐ုံသြားတဲ့အခါ ကတ္ထူစကၠဴ ေခ်ာင္းတစ္ေခ်ာင္းကို ယူသြားၿပီးေတာ့ လူနာကို ေထာက္ကာ စမ္းၾကည့္ပါတယ္။
အံၾသစရာေကာင္းေလာက္ေအာင္ပဲ အရင္ကနားထက္နားေထာင္တာထက္ပိုၿပီး ႏွလုံးခုန္သံေတြကို က်ယ္ေလာင္စြာပီပီသသ ၾကားလိုက္ရပါတယ္။
အဲဒီေနာက္ေတာ့ သူဟာ ႏွလုံးဘယ္လိုျမည္ရင္ ဘယ္လိုအသံ ၊ အဆုတ္ကဘယ္လို သံ အစရွိသျဖင့္ အသံမ်ိဳးစုံကို သုေတသနလုပ္ၿပီး မွတ္တမ္းတင္ပါတယ္။
အားလုံးနီးပါးျပည့္စုံ တဲ့အခ်ိန္ ၁၈၁၉ ခုႏွစ္မွာ သူ႕ျပဳစုထားတဲ့ စာအုပ္နဲ႕ စကၠဴနားၾကပ္ ကို ခ်ျပလိုက္ပါတယ္။ ဒါဟာ အဲဒီေခတ္က ဆရာဝန္ေတြအတြက္ ႀကီးမားတဲ့ အေထာက္အကူ ျဖစ္ခဲ့ပါတယ္။
အဲဒီေနာက္ေတာ့ ကတ္ထူစကၠဴ ကေန သစ္သား ၊ ထိပ္ပိုင္း အဝက်ယ္တဲ့ ဒီဇိုင္းေတြကေန ယေန႕ေခတ္ ဆရာဝန္သုံးနားၾကပ္ေတြအထိ အဆင့္ဆင့္တိုးတက္လာခဲ့ပါတယ္။
credit သုတဇုန္