အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ ဖားဥစွဲတာကို အလွယ်တကူဖယ်ရှားနိုင်တဲ့ နည်းလမ်း(၂)မျိူး

မိုးရာသီမှာမိုးရာသီမှာ အင်္ကျီ ဖားဥစွဲတဲ့ ပြဿနာကြောင့် အိမ်ရှင်မတွေ စိတ်ညစ်ရပါတယ်။

ဖားဥကို ချွတ်ချင်ဇောနဲ့ လျှော်ပေမယ့် မပြောင် ၊ ချွတ်ဆေးတွေသုံးတော့လဲ အရောင်တွေကွက် ၊အင်္ကျီတွေပါးနဲ့ အင်မတန်မှ စိတ်ရှုပ်ရပါတယ်။

အင်္ကျီ လဲမမွဲ ၊ လူလဲမထိတဲ့ အိမ်မှာရှိတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ဖားဥစွဲတာကို ဖယ်ရှားလို့ရပါတယ်။

ဖားဥစွဲတာအပြင် အင်္ကျီ အဖြူရဲ့ ချိုင်းနေရာတွေမှာ ကွက်နေတတ်တဲ့ အဝါရောင်ချွေးကွက်တွေကိုလဲ ဖယ်ရှားပေးနိုင်တာကြောင့် အစွမ်းထက်တဲ့ သဘာဝနည်းလေး တစ်ခုပါ။

နည်းလမ်း (၁) – ဒီနည်းလမ်းလေးကတော့ ဆပ်ပြာမှုန့် ၊ သံပုရာရည် ၊ ဆားနဲ့ ရေတို့ပဲ လိုအပ်ပါတယ်။
ရေနှစ်လီတာကို ဆူပွက်အောင်တည်ပြီး ဆား စားပွဲတင်ဇွန်း တစ်ဇွန်း ၊ဆပ်ပြာမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကို သံပုရာသီး သုံးလုံးကို ညှစ်ထားတဲ့အရည်နဲ့ ရောစပ်လိုက်ပါ။

ဒီအရည်ထဲကို ဖားဥစွဲနေတဲ့ အကျီ င်္ကို မိနစ် ၄၀ လောက် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ရေနဲ့ ဆေးကြောလိုက်ရင် တစ်ခါတည်း လျှော်ပြီးသား ဖားဥကင်းနေတဲ့အင်္ကျီလေးကို ရရှိမှာ ဖြစ်ပါတယ်။

နည်းလမ်း (၂) – နောက်နည်းလမ်း တစ်ခုကတော့ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာသီးကို အသုံးပြုမှာပါ။မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းရောပြီး စားပွဲတင်ဇွန်း တစ်ဇွန်းခန့် ဖားဥစွဲနေတဲ့ အင်္ကျီပေါ်ကို သုတ်လိုက်ပါ။

ဒီလို ၅ မိနစ်လောက်ထားပြီး ရေနဲ့ မဆေးချပေးဘဲ သံပုရာသီးကို ထပ်ခြမ်းခြမ်းပြီး အင်္ကျီပေါ်ကို ပွတ်တိုက်ပေးလိုက်ပါ။အဲဒီနောက် ၁၅ မိနစ်လောက် ထပ်ထားပြီး ဆပ်ပြာ မှုန့်နဲ့ ရေနွေးနွေးနဲ့ လျှော်ဖွပ်လိုက်ပါ။

စွန်းထင်းနေတဲ့ ဖားဥတွေအပြင် အင်္ကျ ီကိုလည်း ပိုပြီး အရောင်တောက်ပလာစေပါတယ်။

ဒီလိုသဘာဝနည်းလမ်းကောင်းလေးတွေက ငွေကုန်သက်သာပြီး ထိရောက်တာကြောင့် ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit – မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
မိုးရာသီမွာမိုးရာသီမွာ အကၤ်ီ ဖားဥစြဲတဲ့ ျပႆနာေၾကာင့္ အိမ္ရွင္မေတြ စိတ္ညစ္ရပါတယ္။

ဖားဥကို ခြၽတ္ခ်င္ေဇာနဲ႕ ေလွ်ာ္ေပမယ့္ မေျပာင္ ၊ ခြၽတ္ေဆးေတြသုံးေတာ့လဲ အေရာင္ေတြကြက္ ၊အကၤ်ီေတြပါးနဲ႕ အင္မတန္မွ စိတ္ရႈပ္ရပါတယ္။

အကၤ်ီ လဲမမြဲ ၊ လူလဲမထိတဲ့ အိမ္မွာရွိတဲ့ သဘာဝပစၥည္းေလးေတြနဲ႕ ဖားဥစြဲတာကို ဖယ္ရွားလို႔ရပါတယ္။

ဖားဥစြဲတာအျပင္ အကၤ်ီ အျဖဴရဲ႕ ခ်ိဳင္းေနရာေတြမွာ ကြက္ေနတတ္တဲ့ အဝါေရာင္ေခြၽးကြက္ေတြကိုလဲ ဖယ္ရွားေပးနိုင္တာေၾကာင့္ အစြမ္းထက္တဲ့ သဘာဝနည္းေလး တစ္ခုပါ။

နည္းလမ္း (၁) ဒီနည္းလမ္းေလးကေတာ့ ဆပ္ျပာမႈန႔္ ၊ သံပုရာရည္ ၊ ဆားနဲ႕ ေရတို႔ပဲ လိုအပ္ပါတယ္။
ေရႏွစ္လီတာကို ဆူပြက္ေအာင္တည္ၿပီး ဆား စားပြဲတင္ဇြန္း တစ္ဇြန္း ၊ဆပ္ျပာမႈန႔္ စားပြဲတင္ဇြန္း ၄ ဇြန္းတို႔ကို သံပုရာသီး သုံးလုံးကို ညွစ္ထားတဲ့အရည္နဲ႕ ေရာစပ္လိုက္ပါ။

ဒီအရည္ထဲကို ဖားဥစြဲေနတဲ့ အက်ီ ကႋု မိနစ္ ၄၀ ေလာက္ စိမ္ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေရနဲ႕ ေဆးေၾကာလိုက္ရင္ တစ္ခါတည္း ေလွ်ာ္ၿပီးသား ဖားဥကင္းေနတဲ့အကၤ်ီေလးကို ရရွိမွာ ျဖစ္ပါတယ္။

နည္းလမ္း (၂) ေနာက္နည္းလမ္း တစ္ခုကေတာ့ မုန႔္ဖုတ္ဆိုဒါနဲ႕ သံပုရာသီးကို အသုံးျပဳမွာပါ။မုန႔္ဖုတ္ဆိုဒါကို ေရနည္းနည္းေရာၿပီး စားပြဲတင္ဇြန္း တစ္ဇြန္းခန႔္ ဖားဥစြဲေနတဲ့ အကၤ်ီေပၚကို သုတ္လိုက္ပါ။

ဒီလို ၅ မိနစ္ေလာက္ထားၿပီး ေရနဲ႕ မေဆးခ်ေပးဘဲ သံပုရာသီးကို ထပ္ျခမ္းျခမ္းၿပီး အကၤ်ီေပၚကို ပြတ္တိုက္ေပးလိုက္ပါ။အဲဒီေနာက္ ၁၅ မိနစ္ေလာက္ ထပ္ထားၿပီး ဆပ္ျပာ မႈန႔္နဲ႕ ေရႏြေးႏြေးနဲ႕ ေလွ်ာ္ဖြပ္လိုက္ပါ။

စြန္းထင္းေနတဲ့ ဖားဥေတြအျပင္ အကၤ် ီကိုလည္း ပိုၿပီး အေရာင္ေတာက္ပလာေစပါတယ္။

ဒီလိုသဘာဝနည္းလမ္းေကာင္းေလးေတြက ေငြကုန္သက္သာၿပီး ထိေရာက္တာေၾကာင့္ ႀကိဳးစားၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

Credit မူရင္းေရးသားသူအားေလးစားစြာျဖင့္