ဟံသာဝတီသည် ယခုပဲခူးမြို့နေရာတွင် ရှိခဲ့သော ရှေးမွန်နှင့် မြန်မာတို့၏ မင်းနေပြည်တော် ဖြစ်ခဲ့သည်။မြို့တော်ဟောင်းသည် ရန်ကုန်မြို့မှ မော်တော်ကားလမ်း အကွာအဝေး မိုင်၅၀ ကျော်တွင် တည်ရှိသည်။
ရှေးနန်းတော်ရာဟောင်းနေရာများ သမိုင်းဝင်ဗုဒ္ဓသာသနိကအဆောက်အဦးများနှင့် စေတီပုထိုးများကိုယနေ့ တိုင်တွေ့ရှိနိုင်သေးသည်။ဟံသာဝတီခေတ်ဆိုသည်မှာ ထိုဟံသာဝတီနေပြည်တော်ကြီး စည်ပင်ဖွံ့ဖြိုးခဲ့စဉ်က အချိန်ကိုဆိုလိုသည်။
ဟံသာဝတီ(ယခု-ပဲခူး)မင်းနေပြည်ကိုအုပ်စိုးခဲ့သည့်
ထင်ရှားသော မွန်ဘုရင်များမှာ ဝါရီရူမင်းဆက်မှဗညားဦး (အေဒီ၁၃၅၃ -၈၅)၊ရာဇာဓိရာဇ်(၁၃၈၅-၁၄၂၃)၊ဘုရင်မရှင်စောပု(၁၄၅၃-၇၂)၊ဓမ္မစေတီ(၁၄ရ၂-၉၂)တို့
ဖြစ်ကြပြီးမြန်မာမင်းများထဲမှတပင်ရွှေထီး၊ဘုရင့်နောင်
အစရှိသည့် မင်းများဖြစ်ကြသည်။
ဟံသာဝတီမြို့တော် တည်ရှိရာအရပ်သည် မိုးများသောဒေသဖြစ်ခြင်း၊ ပြင်းထန်သောငလျင်ဒါဏ်ကို အကြိမ်ကြိမ်ခံရခြင်းတို့ကြောင့် အဖိုးတန်သော ရှေးဟောင်းလက်ရာများမှာ ပျက်စီးခဲ့ရသည်။သို့သော် ကျန်ရှိသောသမိုင်းမှတ်တမ်းများမှလည်း ဟံသာဝတီမြို့တော်နှင့် ဟံသာဝတီခေတ်အခြေအနေကို ပြန်လည်လေ့လာသုံးသပ်နိုင်သည်။
ရှေးဟောင်းသမိုင်းမှတ်တမ်း ဟံသာဝတီမြို့တော်၏ ရှေးဟောင်းသမိုင်းသည် မြန်မာနိုင်ငံမှ အခြားသောစေတီ၊ ပုထိုး၊ မြို့ရွာများတွင် တွေ့ရသောဘုရား ဗျာဒိတ်တော်အတိုင်း ပေါ်ထွန်းလာရခြင်းဟူသော ဒဏ္ဍာရီကို တွေ့ရှိရပါသည်။အဆိုပါဒဏ္ဍာရီမှတ်တမ်းများအရ ဖေါ်ပြထားသည်မှာ ဤကဲ့သို့ဖြစ်ပါသည်။
သုဝဏ္ဏဘူမိမှ လှည့်လည်ကြွချီလာသော ဗုဒ္ဓဘုရားရှင်သည် ဟံသာဝတီမြို့တော်ကြီးပေါ်ထွန်းမည့်နေရာဒေသသို့ ရောက်ရှိစဉ် ပင်လယ်ပြင်မှ ပေါ်ထွန်းနေသော အငူပေါ်တွင် ဟင်္သာဖိုမတို့ကိုတွေ့မြင်တော်မူကြောင်း၊ထိုကုန်းအငူလေးမှာ ကျဉ်းမြောင်းလှ၍ ဟင်္သာဖိုမ ယှဉ်တွဲနားနေစရာမရှိကြောင်း၊
ထို့ကြောင့်ဟင်္သာဖို၏ ကျောကုန်းပေါ်တွင် ဟင်္သာမက နား၍ ဗုဒ္ဓဘုရားအား တောင်ပံယှက်ကာ ပူဇော်ကြောင်း၊ထိုအခါ ဘုရားရှင်က ပြုံး၍ ဤနေရာတွင် နောင်အခါ ဟံသာဝတီပြည်ကြီးဟူ၍ တိုးတက်စည်ပင်လာပြီး၊ သာသနာတော်လည်း ဖွံ့ဖြိုးထွန်းကားလာမည်ဖြစ်ကြောင်းဟံသာဝတီရှေးသမိုင်းများတွင် နိဒါန်းချီရေးသားလေ့ရှိကြသည်။
ထိုဟင်္သာဖိုပေါ် ဟင်္သာမနားနေပုံ ပန်းပုရုပ်တုအား ယခု ပဲခူးမြို့အတွင်းတွင် အထိမ်းအမှတ်ရုပ်တုအဖြစ်ပြုလုပ်ထားပြီး၊ ထိုနိမိတ်ပုံသည် ယခုပဲခူးတိုင်း၏ သင်္ကေတအမှတ်တံဆိပ်လည်း ဖြစ်သည်။
ဟံသာဝတီ ခေတ်သုံးခေတ်ဘုရား၊ စေတီသမိုင်းမှတ်တမ်းများနှင့် ရှေးဟောင်းကျမ်းများ၊ ကျောက်စာများအရ ဟံသာဝတီခေတ်အား ခေတ်သုံးခေတ် ပိုင်းခြားနိုင်ကြောင်း သမိုင်းသုတေသီများက ဆိုကြသည်။
ပထမပိုင်းမှာ သမလမင်းမှအစပြုကာ တိဿမင်းအထိခေတ်ဖြစ်သည်။ ဒုတိယခေတ်မှာ ဝါရီရူမင်းလက်ထပ်မှဗညားဦး၊ ရာဇဓိရာဇ်၊ ရှင်စောပုဓမ္မစေတီမင်းတို့ ပါဝင်ပြီး၊သုရှင်တကာရွတ်ပိမင်းထိ ခေတ်ဖြစ်ပြီး၊တတိယခေတ်မှာတောင်ငူမင်းများဖြစ်သောတပင်ရွှေထီးမှအစပြုကာ ငါးဆူဒါယကာထိ ခေတ်ဖြစ်သည်။
ရာဇာဓိရာဇ်မပါလျင် ဟံသာဝတီခေတ်အကြောင်း ပြီးပြည့်စုံမည်မဟုတ်ပေ။ ထို့အပြင် အင်းဝခေတ်နှင့်ဆက်စပ်နေသော အင်းဝ-ဟံသာဝတီအနှစ်၄၀ကြာစစ်ပွဲသည် ဟံသာဝတီခေတ်အကြောင်းကို တစိတ်တပိုင်းဖွင့်ဆိုပြနေပေသည်။ဟံသာဝတီခေတ် စစ်ရေး၊နိုင်ငံရေးဟံသာဝတီခေတ်နိုင်ငံရေးသည်သက်ဦးဆံပိုင်ပဒေ သရာဇ်စနစ်ပင်ဖြစ်သောကြောင့် အာဏာကို အဓိကပိုင်သူမှာဘုရင်သာ ဖြစ်လေသည်။
ဟံသာဝတီခေတ်တွင်စစ်ပွဲပေါင်းများစွာဖြစ်ပွားခဲ့ပြီး၊အများစုမှာသက်ဦးဆံပိုင်ဘုရင်အချင်းချင်းနယ်မြေလုရန်အတွက်သော်လည်းကောင်း၊ဂုဏ်သိက္ခာအရသော်လည်းကောင်းဖြစ်ပွားခဲ့သောစစ်ပွဲများဖြစ်သည်။ ဟံသာဝတီခေတ်တွင်မွန်ဘုရင်များထဲမှရာဇာဓိရာဇ်သည်ထင်ရှားပြီး၊မြန်မာများဘက်မှတပင်ရွှေထီးနှင့်ဘုရင့်နောင်တို့သည်ထင်ရှားပေသည်။
မွန်ဘုရင်ရာဇာဓိရာဇ်သည် အင်းဝနှင့် နှစ်ပေါင်း၄၀ကျော် စစ်ပွဲဖြစ်ပွားခဲ့ပြီး၊ထိုစစ်ပွဲနှင့်အတူမွန်သူရဲကောင်း၊မြန်မာသူရဲကောင်းများလည်း ပေါ်ထွန်းခဲ့ပေသည်။တပင်ရွှေထီးနှင့်ဘုရင့်နောင်တို့လက်ထက်တွင်လည်းသူရဲကောင်းများထွန်းကားခဲ့ပြီး၊အဆိုပါမွန်နှင့်မြန်မာစစ်ဘုရင်များသည်သူရဲကောင်းများကိုချစ်ခင်မြှောက် စားသူများလည်းဖြစ်ကြသည်။
ထို့ကြောင့်ဟံသာဝတီ၏စစ်ရေးသမိုင်းတွင်သူရဲကောင်းများသည်ထင်ရှားသောကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ရာဇာဓိရဇ်၏သူရဲကောင်းများရာဇာဓိရာဇ်သည်ဟံသာဝတီထီးနန်းကိုရရှိရန်အတွက်စစ်ခင်းယူခဲ့ရသည်။အင်းဝဘုရင်မင်းခေါင်နှင့်လည်း အနှစ်လေးဆယ်ကြာစစ်တိုက်ခိုက်ခဲ့သည်။
ထိုစစ်ပွဲများတွင်ရာဇာဓိရာဇ်သည်ကိုယ်တိုင်ဦးဆောင်တိုက်ခိုက်ခဲ့သကဲ့သို့၊သူရဲကောင်းများကိုဦးဆောင်တိုက်ခိုက်စေခဲ့သည်လည်း ရှိသည်။ရာဇာဓိရာဇ်၏မွန်သူရဲကောင်းများထဲတွင်၊ဗိုလ်မင်းဗြတ်ဇ၊လဂွန်းအိန်၊သမိန်ဗရမ်း၊အဝနံနိုင်(အဝနိုင်)၊ဥပါကောင်း၊အဲမွန်ဒယာတို့မှာအထင်ရှားဆုံးဖြစ်ကြသည်။
ထိုသူများ၏ကတိသစ္စာတည်ကြည်မူ့၊သူရဲကောင်းပီသမူ့များကြောင့်စစ်ရပ်နားစဉ်အချိန်တွင်တဖက်သူရဲကောင်းများကပင်ဖိတ်ခေါ်ချီးကျူးကြသည်ဟုဆိုသည်။သာသနာရေးနှင့်စေတီ၊ ပုထိုးများဟံသာဝတီခေတ်တွင်ထေရဝါဒဗုဒ္ဓဘာသာသည်အဓိကအားဖြင့် စည်ပင်ထွန်းကားခဲ့သော်လည်းအခြားမဟာယာနဗုဒ္ဓဘာသာ၊တန္တရဗုဒ္ဓဘာသာဂိုဏ်းနှင့်အိန္ဒိယမှလာသောဗြဟ္မာဏဘာသာများလည်းအတန်အသင့်ထိုးဖေါက်ဝင်ရောက်ခဲ့သည်။
ထေရဝါဒကိုထောက်ခံအားပေးသည့်ဓမ္မစေတီ၊ဘုရင့်နောင်တို့ကဲ့သို့ဘုရင်များလက်ထက်တွင်မဟာယာနနှင့်တန္တရဂိုဏ်းဝင်ဗုဒ္ဓဘာသာအကြွင်းအကျန်များရှိနိုင်သော်လည်းငုတ်လျှိုးနေမည်မှာသေချာပေသည်။ကျန်ရှိခဲ့သောစေတီ၊ပုထိုးများမှလက်ရာကိုကြည့်၍ဟိန္ဒူဝါဒများလည်းအမြစ်သန်အားကောင်းခဲ့ကြောင်းခန့်မှန်းနိုင်ပေသည်။
တိဿဘုရင်လက်ထက်တွင်ဗြဟ္မဏဘာသာကိုအဓိကအားပေးပြီး၊ ဗုဒ္ဓဘာသာကို အထူးဆန့်ကျင်ခဲ့ကြောင့်ကျမ်းစာများတွင် ဖေါ်ပြပါရှိလေသည်။ထို့နောက်ဘုရင်ကြီးမှအကျွတ်တရားရကာ ဗုဒ္ဓဘာသာကိုပြန်လည်သက်ဝင်ယုံကြည်ခဲ့ကြောင်းလည်း
ဖေါ်ပြကြသည်။
မွန်နိုင်ငံ၏မြို့တော်ဖြစ်သောဟံသာဝတီကို စိုးစံသွားသည့်ဘုရင်များသည်ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သောမင်းများဖြစ်၍ ထိုမင်းများလက်ထက်၌ဗုဒ္ဓဘာသာသည်ရာမညတိုင်းတွင်ထွန်းလင်းတောက်ပခဲ့လေသည်။
ဗုဒ္ဓဘာသာပြန့်ပွားရေးကို အထူးအလေးပေးဆောင်ရွက်ခဲ့သောမွန်ဘုရင်များထဲတွင် ဘုရင်မကြီးရှင်စောပုနှင့်ဓမ္မစေတီမင်းတို့မှာ အလွန်ပင်ထင်ရှားလေသည်။ဘုရင်မကြီးရှင်စောပုသည်သက်တော်၆၆နှစ်မှ နတ်ရွာစံသည့် ၇၈နှစ်ထိဆယ့်နှစ်နှစ်လုံးလုံးရွှေတိဂုံစေတီတော်၏အနောက်ဘက်တွင်မြို့သစ်တည်ထောင်နေထိုင်ကာမောင်တော်၊သားတော်၊တူတော်တို့တည်ထားခဲ့သည့်ရွှေတိဂုံစေတီတော်ကိုအစစအရာရာပြည့်စုံမူ့ရှိအောင်ပြင်ဆင်မွမ်းမံခဲ့လေသည်။
ယနေ့ရွှေတိဂုံစေတီတော်ရှိရှိပြည့်စုံမူ့အဝ၀သည်ဘုရင်မရှင်စောပု၏ကုသိုလ်ကောင်းမူ့များများစွာပါဝင်နေသည်။ ရှင်စောပုသည်၁၂နှစ်တိုင်တိုင်ရွှေတိဂုံစေတီတော်ကြီးကိုစိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးအေဒီ၁၄၇၁တွင်ရွှေတိဂုံစေတီတော်အားသလွန်ပေါ်မှအာရုံပြုရင်းဇီဝိန်ချုပ်ငြိမ်းသွားခဲ့လေသည်။
ရှင်စောပု၏သင်္ချိုင်းတော်အားရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊မြေနီကုန်းရှိ၊ရှင်စောပုလမ်း၊ရှင်စောပုကျောင်းတိုက်တွင်
ယနေ့တိုင် တွေ့ရှိနိုင်သေးသည်။ရှင်စောပုနောက်ဟံသာဝတီထီးနန်းကိုဆက်ခံခဲ့သောသမက်တော်ဓမ္မစေတီလက်ထပ်တွင် သာသနာတော်ပြန့်ပွားရေးအတွက်အထူးပင်ဆောင်ရွက်ခဲ့လေသည်။
ရဟန်းဘဝမှလူထွက်ကာမင်းဖြစ်ခဲ့သောဓမ္မစေတီမင်းသည်ဘုရားတည်ခြင်းအစရှိသော်ကိစ္စများသာမကသာသနာသန့်ရှင်းစင်ကြယ်ရေးအတွက်လည်းအလေးပေးလုပ်ဆောင်ခဲ့သည်။
ထူးခြားသောဆောင်ရွက်ချက်မှာရဟန်းတော်များအတွက်အရေးကြီးသည့်သိမ်ကိစ္စအနေဖြင့်ကလျာဏီသိမ်တော်အားတည်ဆောက်လှူဒါန်းခဲ့သည်။
သူ၏ကောင်းမှုများကိုကမ္ပည်းထိုးလေ့ရှိသည့်အတိုင်းသီဟိုဠ်သို့ရဟန်းတော်များစေလွှတ်ခြင်း၊ကလျာဏီသိမ်သမုတ်ခြင်းတို့ကိုကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့သည်။
ရွှေတိဂုံစေတီတော်တွင်လည်းကျောက်စာများရေးထိုးခဲ့ပြီး၊ရွှေတိဂုံစေတီတော်တွင်လှူဒါန်းခဲ့သောဓမ္မစေတီခေါင်းလောင်းမှာလည်းထင်ရှားသည်။ ထိုခေါင်းလောင်းသည် ယခုအခါ
ဒေါပုံမြစ်အောက်ခြေတွင် နစ်မြုပ်နေသည်။
ထင်ရှားသောဘုရား၊စေတီ၊ပုထိုး၊သာသနိကအဆောက်အဦများဟံသာဝတီမင်းနေပြည်ကိုအုပ်စိုးသောဘုရင်များသည်ဘုရား၊စေတီ၊ပုထိုးများကိုလည်းတည်ဆောက်လှူဒါန်းခဲ့ပြီးသာသနာစည်ပင်ရေးအတွက်မင်းအဆက်ဆက်ရွက်ဆောင်ခဲ့ကြသည်။
ထိုဘုရား၊စေတီ၊ပုထိုးနှင့်သာသနိကအဆောက်အဦးများမင်းအဆက်ဆက်ကအဆင့်ဆင့်ပြုပြင်ခဲ့ကြသကဲ့သို့၊မိမိတို့လက်ထပ်တွင်မှစတင်လှူဒါန်းဆောက်လုပ်ခဲ့ခြင်းများလည်းရှိသည်။ရွှေမောဓောစေတီဟံသာဝတီမြို့တော်၏ဘုရားစေတီများအနက်ရွှေမောဓောစေတီသည်ရှေးအကျဆုံးနှင့်အထင်ရှားဆုံးစေတီတဆူဖြစ်သည်။
ရွှေမောဓောစေတီတော်အားမည်သည့်ခုနှစ်တွင်မည်သူကတည်ထားခဲ့ကြောင်းကိုမူကွဲအမျိုးမျိုးရှိသော်လည်းရှေးဟောင်းစေတီတော်တစ်ဆူဖြစ်ကြောင်းသမိုင်းဆရာများတညီတညွတ်တည်းလက်ခံထားကြသည်။ဟံသာဝတီပြည်ကိုအုပ်စိုးသောမွန်ဘုရင်များနှင့်မြန်မာဘုရင်အဆက်ဆက်ပြုပြင်မွမ်းမံလှူဒါန်းခဲ့သောစေတီတစ်ဆူလည်းဖြစ်သည်။ဆုတောင်းပြည့်သောကြောင့်
ဘုရင်များ၊မင်းညီမင်းသားများသည်စစ်ထွက်ရန်အတွက်သော်လည်းကောင်နိုင်ငံရေးအာဏာ အတွက်သော်လည်းကောင်းအသီးသီးဆုတောင်းခဲ့ကြသည်ဟုကျမ်းစာအချို့တွင်ဖေါ်ပြထားသည်။
ဟံသာဝတီခေတ်တွင်သာမကနောက်ပိုင်းခေတ်ဖြစ်သော
အင်းဝ၊ကုန်းဘောင်ခေတ်များမှဘုရင်များလည်းမွမ်းမံလှူဒါန်းခဲ့ကြသည်။ငလျင်ဒါဏ်ကြောင့်လည်းအကြီးအကျယ်ပျက်စီးယိုယွင်းခဲ့ရသေးသည်။
ယခုအခါပဲခူးမြို့အလယ်တွင်ရှိပြီးဟံသာဝတီခေတ်မှရှေးအကျဆုံးကျန်ရစ်ခဲ့သည့်ပဲခူးမြို့၏အထင်ကရကျက်သရေဆောင်စေတီတော်လည်းဖြစ်သည်။
ကျိုက်ကိုဘုရားထင်ရှားသောရှေးဟောင်းဘုရားများအနက်ကျိုက်ကိုဘုရားလည်းပါဝင်ပြီးဘုရင့်နောင်လက်ထပ်တွင်လှုပ်ခဲ့သောငလျင်ကြီးတွင် အခြားဘုရားများနည်းတူပြိုကျပျက်စီးခဲ့သည်။
ဘုရားကြီးအားဘုရင့်နောင်မင်းလက်ထက်တွင်ပင်ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။ အနောက်ဘက်လွန်မင်းလက်ထက်တွင် ထီးတော်သစ်တင်ခဲ့ကြောင်း သိရပေသည်။
နဝဒေးကြီးမှာရွှေပြည်ရွာပြန်ဟုချီကာကျိုက်ကိုဘုရားတိုင်ရတုကို စပ်ဆိုခဲ့သည်။ကျိုက်ကိုဘုရားပွဲအားနတ်တော်လတွင်ကျင်းပလေ့ရှိကြောင်းနဝဒေးကြီး၏ဟံသာဝတီမြို့ဘွဲ့ရတုတွင် တွေ့ရှိနိုင်လေသည်။အခြားရှေးဟောင်းစေတီများဟံသာဝတီတွင်ရွှေမောဓောစေတီတော်နှင့်မရှေးမနှောင်းကာလတွင်တည်ခဲ့သည်ဟု ယူဆရသောအခြားရှေးဟောင်းစေတီများလည်းရှိသေးသည်။
ထိုစေတီများမှာ-ပဲခူးမြို့ထန်းတောကြီးရွာရှိရွှေမောဌောဆုတောင်းပြည့်ဘုရား၊ပဲခူးမြို့ကဝမြို့နယ်ရှိမြင်းမငူရွာဓမ္မသိုက်ဘုရား၊ပဲခူးမြို့နယ်မို့ခိုင်ကြီး၊မို့ခိုင်ကလေးဘုရား၊ပဲခူးမြို့ဖလေးရွာရှိကျိုက်မကော်ဘုရားအစရှိသည့်ဘုရားများမှာရွှေမောဓောသမိုင်းနှင့်မူလသမိုင်းကြောင်းအားဖြင့်တပြိုင်တည်းဆင်းသက်လာခဲ့သည့်ဘုရား၊စေတီများဖြစ်ကြောင်းမွန်ကျောက်စာများတွင်
ဖေါ်ပြပါရှိလေသည်။
ထို့ပြင်ပဲခူးမြို့ကျောက်တိုင်ကန်ကျေးရွာရှိဘုရားခုနစ်ဆူခေါ်ကျိုက်ပေါဘုရားကိုသမလမင်းဆက်တွင်နောက်ဆုံးမင်း
ဖွဈသောတိူမငျးနှင့ျမိဖုရားကွီးသုဘဒ်ဒါတို့ တည်ထားခဲ့ကြောင်းကိုလည်းကောင်း၊ရှင်စောပုနှင့်ဓမ္မစေတီမင်းလက်ထက်တွင်ပြင်ဆင်တည်ထားခဲ့ကြောင်းကိုလည်းကောင်းမွန်ဘာသာဖြင့်ရေးထိုးထားသောဘုရားခုနစ်ဆူကျောက်စာကြီးငယ်များအရသိရပေသည်။
ရွှေသာလျောင်းရုပ်ပွားတော်ကြီးရွှေသာလျောင်းရုပ်ပွားတော်ကြီးသည်ယခုအခါပဲခူးမြို့၏အထင်ရှားဆုံးစေတီ၊ပုထိုး၊ရုပ်ပွားတော်များအနက်အပါအဝင်ဖြစ်သည်။ဘုရားသမိုင်းအရသမလမင်းဆက်၁၇ဆက်မှ၁၃ဆက်မြောက်ဖြစ်သောမိဂါဒိဗ္ဗမင်းလက်ထက်တွင်တည်ထားခြင်းဖြစ်သည်ဟုဆိုကြသည်။
နှစ်ကာလများကြာသောအခါအန္တာရာယ်အမျိုးမျိုးကြောင့်ကျိုးပဲ့ပျက်စီးခဲ့ရပြီးအင်္ဂလိပ်လက်ထက်တွင်မှအုတ်များတူးဖေါ်ရန်ဘုရားကုန်းတော်အားတူးရာမှပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ရွှေမောဓောစေတီဂေါပကအဖွဲ့များနှင့်ပဲခူးမြို့သူ၊မြို့သားတို့၏ ကြိုးပမ်းမှုကြောင့်ပန်းရံကျော်များနှင့်ပြန်လည်ပြုပြင်ခဲ့ကြသည်။
လျောင်းတော်မူရုပ်ပွားတော်များအနက်အချိုးအစားပြေပြစ်ဆုံးဟုဖူးမြင်ရသူတိုင်းကပြောကြသည်။သင်္ဘောဘုရားသင်္ဘောဘုရားမှာလည်းသမလမင်းနောက်ဆုံးမင်းဆက်ဖြစ်သောတိဿမင်း၏ ကောင်းမှုပင်ဖြစ်ကြောင်းရာဇဝင်များတွင်ပြဆိုကြသည်။အင်းဝနှင့်ဟံသာဝတီတို့ဖြစ်ပွားသောတိုက်ပွဲတစ်ခုအားသင်္ဘောဘုရားပေါ်မှရဟန်းတော်များတက်ရောက်ကြည့်ခဲ့ကြသည်ဟုရာဇဝင်အဆိုများလည်းရှိကြသည်။
ဗညားဦးမင်းဆက်တွင်အထင်ရှားဆုံးဖြစ်သောရာဇာဓိရာဇ်လက်ထက်တွင်ကြီးကျယ်သောဘုရား၊စေတီများတည်ထားခဲ့သည်ဟူ၍အခိုင်အလုံပြဆိုချက်များမတွေ့ရပေ။သို့သော်ရာဇာဓိရာဇ်သည်အင်းဝဘုရင်မင်းခေါင်၏သမီးတော်နှင့်သမက်ကိုသုံ့ပန်းအဖြစ်ဖမ်းမိရာမှလက်ပန်းပေါင်းခတ်လေရာထိုဒေသ၌ဘုရားတစ်ဆူတည်ခဲ့ပြီးယင်းကိုကျက်ကနက်ဟုခေါ်ကြောင်းရာဇာဓိရာဇ်အရေးတော်ပုံကျမ်း၌ပြဆိုလေသည်။
ကလျာဏီသိမ်တော်ကြီးအကျယ်တဝင့်ဖော်ပြထားသောဆောင်းပါး-ကလျာဏီသိမ်တော်ကြီးကလျာဏီသိမ်တော်သည်ဓမ္မစေတီမင်း၏ကောင်းမူ့ကုသိုလ်များအနက်အထင်ရှားဆုံးနှင့်ဂုဏ်အယူထိုက်ဆုံးသိမ်တော်ဖြစ်သည်။သိမ်ရှိသော်လည်းသိမ်မစင်ကြယ်လျင်ရဟန်းမဖြစ်ဟူသောကြောင့်စင်ကြယ်မွန်မြတ်သောသိမ်သမုတ်နိုင်ရန်ဓမ္မစေတီမင်းကအားပေးကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်။
ငလျင်ဒဏ်နှင့်အခြားသောရာသီဥတုဘေးများကြောင့်အကြိမ်ကြိမ်ပြိုကျပျက်စီးခဲ့ပြီး၊ပြည်သူများမှလည်းအဆင့်ဆင့်ပြုပြင်ခဲ့ကြသောသိမ်တော်ကြီးဖြစ်သည်။မဟာစေတီဟံသာဝတီခေတ်တစ်လျှောက်တွင်ဘုရား၊စေတီများနှင့်သာသနာရေးအဆောက်အဦးများစွာကိုတည်ဆောက်ခဲ့သည့်မင်းများအနက်ဓမ္မစေတီမင်းနှင့်ဘုရင့်နောင်တို့သည်အထင်ရှားဆုံးဖြစ်သည်။
မဟာစေတီမှာဘုရင့်နောင်၏ကောင်းမှုများအနက်အကြီးကျယ်ဆုံးနှင့်အထင်ရှားဆုံးဖြစ်သည်။ဘုရင်ဖြစ်ပြီးကိုးနှစ်အကြာတွင်တည်ခဲ့ခြင်းဖြစ်ပြီးအလျင်အမြန်နှင့်အချိန်တိုတိုအတွင်းတည်ထားခဲ့ရသဖြင့်ဘုရားတည်ပြီးသုံးနှစ်ခန့်အကြာတွင်ပြိုကျခဲ့သည်။
ဘုရင့်နောင်မင်းကြီးကပင်ပြန်လည်ပြုပြင်ခဲ့ပြီး၊ငလျင်ဒဏ်ကြောင့်ပြိုကျရာတွင်လည်းထပ်မံပြုပြင်ခဲ့ရလေသည်။ဘုရင့်နောင်သည်ကြွယ်ဝချမ်းသာသောဘုရင်ဖြစ်သောကြောင့်အဖိုးတန်ကျောက်မြတ်ရတနာများစွာကိုဌာပနာထည့်သွင်းပူဇော်ခဲ့ကြောင်းရာဇဝင်များတွင်ပါရှိသည်။မဟာဝိဇယစေတီတော်မဟာဝိဇယစေတီတော်သည်ဘုရင့်နောင်မင်းကြီး၏အမှတ်တရအဖြစ်ဆုံးစေတီတော်ဖြစ်သည်။
တပင်ရွှေထီးနတ်ရွာစံသောကြောင့်အကွဲကွဲအပြားပြားဖြစ်သွားသောမြန်မာနိုင်ငံအားပြန်လည်စုစည်းရာတွင်ဟံသာဝတီမြို့တော်ကိုလည်းပြန်လည်တိုက်ခိုက်ယူခဲ့ရသည်။မဟာဝိဇယစေတီတော်မဟာဝိဇယစေတီတော်သည်ဘုရင့်နောင်မင်းကြီး၏အမှတ်တရအဖြစ်ဆုံးစေတီတော်ဖြစ်သည်။တပင်ရွှေထီးနတ်ရွာစံသောကြောင့်အကွဲကွဲအပြားပြားဖြစ်သွားသောမြန်မာနိုင်ငံအားပြန်လည်စုစည်းရာတွင်
ဟံသာဝတီမြို့တော်ကိုလည်းပြန်လည်တိုက်ခိုက်ယူခဲ့ရသည်။ဟံသာဝတီမြို့အားသမိန်ထောရာမကိုနိုင်၍သိမ်းနိုင်လျင်ဤနေရာတွင်ဘုရားတည်မည်ဟုအဓိဌာန်ပြုခဲ့သည်။အဓိဌာန်ပြုပြီးနှစ်ပေါင်း၂၅အကြာတွင်မဟာဝိဇယစေတီကိုတည်ခဲ့သည်။ဘုရင့်နောင်သည်မြေစိုက်စေတီတော်ကြီးများအပြင်ဗုဒ္ဓရုပ်ပွားတော်များကိုလည်းလှူဒါန်းခဲ့သေးသည်။
သို့သော်အကြောင်းအမျိုးမျိုးကြောင့်ဘုရင့်နောင်၏ကောင်းမှုများစွာမှာပျောက်ဆုံးနေသည့်အဖြစ်သို့ရောက်ရှိနေလေသည်။နိုင်ငံ ခြားဆက်သွယ်ရေးဟံသာဝတီခေတ်နိုင်ငံခြားဆက်သွယ်ရေးအားခေတ်သုံးခေတ်အဖြစ်ပိုင်းမြင်ကြည့်ရှု့သင့်သည်ဟုစာတမ်းရှင်မောင်သော်မှတင်ပြထားသည်။
ပထမပိုင်းအားမွန်ဘုရင်ဗညားဦးမှစကာသုရှင်တကာရွတ်ပိမင်းအထိအုပ်စိုးချိန်၁၃၆၉မှ၁၅၃၉ထိပထမဟံသာဝတီခေတ်အဖြစ်လည်းကောင်း၊တပင်ရွှေထီးမှစ၍နန္ဒဘုရင်နန်းကျချိန်ထိ၁၅၄၆ခုနှစ်မှ၁၅၉၉ခုနှစ်အတွင်းအားဒုတိယခေတ်အဖြစ်လည်းကောင်း၊
သမိန်ထောဗုဒ္ဓကေတိအုပ်စိုးသည့်၁၇၄၀မှအလောင်းမင်းတရားကြီးပဲခူးကိုသိမ်းပိုက်သည့်၁၇၅၇အထိတတိယခေတ်အဖြစ်လည်းကောင်းသုံးပိုင်းခွဲခြားပြသည်။
ဗညားဦးသည်မုတ္တမမှ၁၃၆၃ခုနှစ်လောက်တွင်စွန့်ခွာခဲ့ပြီး၁၃၆၉ခုနှစ်တွင်ပဲခူးသို့အပြီးအပိုင်ပြောင်းရွေ့ကာဟံသာဝတီမြို့တော်သစ်ကိုတည်ထောင်ခဲ့လေသည်။ထိုအချိန်မှစတင်ကာဟံသာဝတီသည်နိုင်ငံခြားဆက်သွယ်ရေးစတင်ခဲ့သည်ဟုပြောဆိုနိုင်လေသည်။ဗညားဦးသည်အင်းဝမှမြန်မာဘုရင်မင်းကြီးစွာနှင့်မဟာမိတ်ဖွဲ့ကာယိုးဒယားရန်အားခုခံရန်ပြင်ဆင်ခဲ့သည်။
ရာဇာဓိရာဇ်လက်ထက်အင်းဝနှင့်စစ်ဖြစ်နေချိန်တွင်ယိုးဒယားမှလာရောက်တိုက်ခိုက်ခဲ့သော်လည်းရာဇာဓိရာဇ်မှပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။ရာဇာဓိရာဇ်၏သားတော်ဗညားရံလက်ထက် ၁၃၄၅ခုနှစ်တွင်အီတလီပြည်ဗင်းနစ်မြို့သားနီကိုလိုဒီကွန်တီ(NicolodiConti)ဆိုသူမြန်မာပြည်သို့ရောက်လာသည်။အင်းဝကိုလည်းရောက်ခဲ့သည်။
ဟံသာဝတီကိုလည်းရောက်ကာပဲခူးတွင်လေးလခန့်နေထိုင်သွားခဲ့သည်။သူသည်မြန်မာပြည်သို့ပထမဆုံးရောက်ရှိသောဥရောပ တိုက်သားဟုသမိုင်းဆရာများကဆိုကြသည်။ဓမ္မစေတီမင်း၏ သားတော်ဗညားရံလက်ထက်တွင်လည်းအီတာလျံလူမျိုးနှစ်ဦးရောက်ရှိခဲ့သေးသည်။သူတို့နှစ်ဦးလုံးမှာကုန်သည်များသာဖြစ်ကြသည်။ဘုရင်မရှင်စောပုလက်ထက်တွင်လည်းရုရှားလူမျိုးနီကီတင်ဆိုသူဟံသာဝတီမြို့သို့ရောက်ရှိခဲ့သည်ဟုဆိုကြသော်လည်းအချို့သမိုင်းဆရာများကထိုအချက်ကိုလက်မခံလိုကြပေ။
အကြောင်းမှာနီကီတင်ရေးသားသည့်မှတ်တမ်းသည်မြန်မာပြည်အကြောင်းတစ်မျက်နှာလောက်သာပါဝင်ပြီးသူကိုယ်တိုင်သာရောက်ရှိခဲ့ပါကထို့ထက်ပို၍ပြည့်ပြည့်စုံစုံရေးနိုင်ကြမည်ဟုယူဆကြသည်။
သူရေးသားထားသောပဲခူးမြို့သည်ဆိပ်ကမ်းမြို့ဖြစ်ကြောင်း၊အိန္ဒိယတိုင်းရင်းသားများလာရောက်ရောင်းဝယ်ဖေါက်ကားကြောင်းအစရှိသည့်အကြောင်းများသည်အိန္ဒိယကုန်သည်များထံမှတဆင့်စကားသာဖြစ်နိုင်ကြောင်းသမိုင်းပညာရှင်အချို့ကသုံးသပ်ကြသည်။
လမ်းပန်းအသစ်ရှာဖွေကာရောက်ရှိလာကြသည့်ဥရောပတိုက်သားများမှာထိုဒေသ၏တိုင်းပြည်အခြေအနေ၊ကုန်ကူးနိုင်မူ့အလားအလာ၊ဒေသထွက်ကုန်များကိုစုံစမ်းပြီးမိမိတို့ကိုစရိတ်ပေးလွှတ်သောအရင်းရှင်များအားပြန်လည်တင်ပြကြသည်။
ထိုကဲ့သို့သောရည်ရွယ်ချက်မျိုးဖြင့်နီကိုလိုဒီကွန်တီ၊စတီဖင်နို၊ဗာတီမာအစရှိသည့်ကုန်သည်များသည်၁၆ရာစုအစတွင်မြန်မာပြည်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ခရီးသွားဟန်လွှဲသဘောမျိုးဖြင့်လမ်းစရိတ်စရန်ကုန်ပစ္စည်းအချို့အားလည်းအစမ်းယူလာခဲ့ကြသည်။စတင်ဖီနိုသည်သူပါလာသည့်ကုန်များကိုဗညားရံအားရောင်းချခဲ့ပြီးကုန်ဘိုးရအောင်၁၈လမျှစောင့်ခဲ့ရသည်ဟုမှတ်တမ်းတင်ထားသည်။
ဒီကွန်တီ၏မှတ်တမ်းအရမြန်မာလူမျိုးများသည်တလင်တမယားစနစ်ကိုလိုက်နာကြကြောင်း၊ပေါင်တွင်ထိုးကွင်းထိုးတတ်ကြောင်း၊သရဏဂုံသုံးပါးအားရိုသေပြီး၊စာရေးလျင်ထန်းရွက်ပေါ်မှာရေးကြောင်း၊ဆင်ဖြူများကိုအလေးအမြတ်ထားရုံသာမကရွှေနှင့်ကျောက်မြတ်ရတနာများစီခြယ်ပြုလုပ်ထားသောရွှေကြိုးများနှင့်ချည်သည်ဟုမှတ်တမ်းတင်ထားသည်။
ဗာတီမာကမူပဲခူးမင်းသည်သနားကရုဏာရှိပြီးမင်းမူထမ်းများနှင့်အရောတဝင်နေကြောင်း၊ကလေးများနှင့်လည်းစကားပြောကြောင်း၊ဘုရင်၏ကိုယ်တွင်ဝတ်ဆင်ထားသည့်ပတ္တမြား၏တန်ဖိုးသည်မြို့ကြီးတစ်မြို့၏တန်ဖိုးလောက်ရှိကြောင်း၊ပဲခူးမြို့တွင်
အိမ်ကြီး၊အိမ်ကောင်းများဖြင့်ပြည့်နေကြောင်း၊နန်းတော်ကိုကျောက်ဖြင့်ဆောက်လုပ်ကြောင်းမှတ်တမ်းတင်ထားသည်။
သူ၏မှတ်တမ်းမှာပင်ထိုတိုင်းပြည်သည်အဖိုးတန်သစ်ပေါများကြောင်း၊ဆင်လည်းအမြောက်အမြားရှိကြောင်း၊အကြီးအကျယ်ရောင်းဝယ်သောပစ္စည်းများမှာချိပ်၊ကရမက်သား၊ဝါဂွမ်း၊ပိုး၊ပတ္တမြားတို့ဖြစ်ကြောင်း၊ယင်းပစ္စည်းများရောင်းဝယ်မူ့မှဘုရင်သည်အခွန်တော်များစွာရကြောင်းစသည်ဖြင့်ရေးသားခဲ့သည်။
ဒုတိယဟံသာဝတီခေတ်တပင်ရွှေထီးလက်ထက်လောက်မှစတင်ကာပေါ်တူဂီများသည်မြန်မာနိုင်ငံအတွင်းဝင်ရောက်လာခဲ့သည်။တောင်ငူဘုရင်တပင်ရွှေထီးသည်ဟံသာဝတီကိုသိမ်းပိုက်ပြီးနှစ်နှစ်အကြာတွင်မုတ္တမကိုသိမ်းပိုက်ခဲ့သည်။ထိုတိုက်ပွဲတွင်နှစ်ဘက်စလုံးမှပေါ်တူဂီသေနတ်ကိုင်ကြေးစားစစ်သားများဝင်ရောက်တိုက်ခိုက်ခဲ့သည်။
မုတ္တမမြို့စားစောဗညား၏ပေါ်တူဂီကြေးစားစစ်သားများသည်တပင်ရွှေထီးဘက်သားပေါ်တူဂီများနှင့်ပူးပေါင်းခဲ့သည့်အတွက်မုတ္တမသည်တပင်ရွှေထီးလက်ထဲသို့အလျင်အမြန်ကျရောက်ခဲ့ပေသည်။ ။
Credit to Original writer