မိန်းမရဲတောင် ရဲ့ အလှအပ ကို စိတ်ဝင်စားလို့ သွားကြ ဘုရားဖူးကြ Facebook မှာ ပုံတွေ ခဏ ခဏ တွေ့ နေရ ပေမယ့် အဲဒီတောင်ရဲ့ သမိုင်းကို သေချာ ရေရာအောင် သိတဲ့သူက ခပ်ရှားရှားပါ ကျနော်စပ်စုစုံစမ်း မေးမြန်း ထားသလောက်က ဒီလိုပါတဲ့ဗျာ
ဘုရင့် သမီးတော် တစ်ပါး နာမည်လေး ကတော့ နန်းဧကရီမွှေးပေါ့ အချစ်ဆိုတာက အလွန်ကို ဆန်းကျယ်ပါတယ်လေ သူချစ်မိတာကကျေးတောသားလေး ကုမ္မာရ ပါတဲ့ သူတို့နှစ်ဦး ချစ်ခင် ကြည်နူးနေတာကို ဘုရင့်ရဲ့ ရွေနားတော်ကို ပေါက်ကြားပြီး အမျက်ပွားစေခဲ့ကာ အမဲရိုးက ဟင်းအိုးကိုမှ အားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့်ပေးလိုက်တယ်
ဒီသတင်း နန်းဧကရီမွှေး ကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ချစ်သူမောင်ကို စိတ်ပူ ကာ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ် ဆိုပါတော့. .
ကုမ္မာရ ကျေးတောသားလေးရဲ့ လက်ကိုဆွဲကာ ဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေ အခု မိန်းမရဲတောင်ရဲ အရှေ့ ဘက် ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေရာ အဖြတ်ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့ ပေးစရာငွေက နတ္ထိ ကုမ္မာရကျေးတော့ သားလေး သွေးပျက်ပြီထင်ပါရဲ့
အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှမထောက် ကင်း ခွန်တော် မဆောင် နိုင်လို့ ရာဇဝတ်ဘေး ကို ကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့ တယ်လေ
ဘုရင့်သမီးတော် နန်းဧကရိမွှေး အတွက် အားကိုးစရာ မရှိ ဘုရင့်အမျက်တော်ထိမှာကိုသိပြီး မြင့်မားတဲ့တောင်ကိုကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ ၆၀ ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကိုဒုန်းဒုန်းချ အချစ်ကိုစိတ်နာ ခုန်ချလေရှာရဲ့. .
အချစ်ကို ဦးစားပေးပြီးငါကတော့ မောင်တော်ကို ရွေးခဲ့တာတောင် ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ရက်တယ်တဲ့ အစိမ်းသေလို့မကျွတ်တဲ့ဘဝ အချစ်ကိုစိတ်နာ သူပေးတဲ့ ကျိန် စာက ဒီနေရာကို အတွဲလာ ကွဲစေတဲ့ဗျာ. . .
အဲဒီတောင်ကို အရင်က မိန်းမဝဲတောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေးလျှား မိန်းမရဲတောင် အဖြစ်ထင်ရှားခဲ့တာလေ ထူးဆန်းတာကရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့ သူ့ကို အိပ်မက် ပေးတဲ့ နန်းဧကရီမွှေး ဆို တဲ့ ရှမ်းမင်းသမီးလေးက မိန်းမရဲတောင် ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာပြီး သာသနာပြုပေးပါတဲ့
ယောက်ကော်ဘရသေ့ကြီး ကလည်း အိပ်မက်အရ တောင်တော်ကို လိုက်ရှာရင် တောင်တော်ရဲ့အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်း မကြီးမှာ ကားကသူ့ အလိုလို စက်ရပ်လို့ ကားပျက်သွား ခဲ့တယ်ဆိုပဲ ကားဆရာကကြိုးစားပြုပြင်ပေမဲ့မရ ညနေညိုစောင်းကားလမ်း ဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေးတစ်ယောက်ထွက်လာတယ်
ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင် ဆိုတာက ဟော အခုမြင်နေရတဲ့ မြင့်မားတဲ့တောင် ပေါ်ဒဲ့ စကားပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ် သွားလေရဲ့. .
ဆန်းကျယ်လှပါဘိ.ဒီစာကိုရေးနေရင်းတောင် ကျနော် ကြက်သီး မွှေးညှင်းတွေ တစ်ဖြန်းဖြန်းထကာ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာ
Credit: SaiNaungတောင်တန်းမြေမှမီးအိမ်ရှင်
Zawgyi
မိန္းမရဲေတာင္ ရဲ႕ အလွအပ ကို စိတ္ဝင္စားလို႔ သြားၾက ဘုရားဖူးၾက Facebook မွာ ပုံေတြ ခဏ ခဏ ေတြ႕ ေနရ ေပမယ့္ အဲဒီေတာင္ရဲ႕ သမိုင္းကို ေသခ်ာ ေရရာေအာင္ သိတဲ့သူက ခပ္ရွားရွားပါ က်ေနာ္စပ္စုစုံစမ္း ေမးျမန္း ထားသေလာက္က ဒီလိုပါတဲ့ဗ်ာ
ဘုရင့္ သမီးေတာ္ တစ္ပါး နာမည္ေလး ကေတာ့ နန္းဧကရီေမႊးေပါ့ အခ်စ္ဆိုတာက အလြန္ကို ဆန္းက်ယ္ပါတယ္ေလ သူခ်စ္မိတာကေက်းေတာသားေလး ကုမၼာရ ပါတဲ့ သူတို႔ႏွစ္ဦး ခ်စ္ခင္ ၾကည္ႏူးေနတာကို ဘုရင့္ရဲ႕ ေ႐ြနားေတာ္ကို ေပါက္ၾကားၿပီး အမ်က္ပြားေစခဲ့ကာ အမဲရိုးက ဟင္းအိုးကိုမွ အားမနာ ေက်းေတာသား ကုမၼာရ လူငႏြားကို သတ္ေစတဲ့ တစ္ခ်က္လႊတ္ အမိန႔္ေပးလိုက္တယ္
ဒီသတင္း နန္းဧကရီေမႊး ၾကားေတာ့ ရင္ဝကို ဆယ္ေပါင္တူနဲ႕ အထုခံရသလို ခ်စ္သူေမာင္ကို စိတ္ပူ ကာ နန္းေတာ္က ခိုးထြက္ အခ်စ္အတြက္ ေျခလွမ္းသြက္ခဲ့တယ္ ဆိုပါေတာ့. .
ကုမၼာရ ေက်းေတာသားေလးရဲ႕ လက္ကိုဆြဲကာ ဘုရင္ႀကီးနဲ႕ ေဝးရာ ထြက္ေျပးရွာတယ္ေလ အခု မိန္းမရဲေတာင္ရဲ အေရွ႕ ဘက္ ႐ြာအခြန္ေတြကို ေကာက္တဲ့ ကင္းေတာင္ဆိုတဲ့ ေနရာ အျဖတ္ဒီေနရာက ျဖတ္သန္းဖို႔ အဖိုးခ ေငြေတြ ေတာင္းေတာ့ ေပးစရာေငြက နတၳိ ကုမၼာရေက်းေတာ့ သားေလး ေသြးပ်က္ၿပီထင္ပါရဲ႕
အခ်စ္ဆိုတာကို ယုံၿပီး နန္းေတာ္က ထြက္ေျပး ဘုရင့္တပ္မေတာ္နဲ႕ ေဝးရာကို ေျပးခဲ့တဲ့ ဘုရင့္သမီးေတာ္ မ်က္ႏွာကိုမွမေထာက္ ကင္း ခြန္ေတာ္ မေဆာင္ နိုင္လို႔ ရာဇဝတ္ေဘး ကို ေၾကာက္ၿပီး မင္းသမီးကို ခ်န္ထား သူ႕႐ြာေလးကို ျပန္သြားခဲ့ တယ္ေလ
ဘုရင့္သမီးေတာ္ နန္းဧကရိေမႊး အတြက္ အားကိုးစရာ မရွိ ဘုရင့္အမ်က္ေတာ္ထိမွာကိုသိၿပီး ျမင့္မားတဲ့ေတာင္ကိုကုတ္တက္ ေတာင္ရဲ႕ အေနာက္ဘက္ ေပ ၆၀ ခန႔္နက္တဲ့ ေရဝဲႀကီးထဲ စိတ္ကိုဒုန္းဒုန္းခ် အခ်စ္ကိုစိတ္နာ ခုန္ခ်ေလရွာရဲ႕. .
အခ်စ္ကို ဦးစားေပးၿပီးငါကေတာ့ ေမာင္ေတာ္ကို ေ႐ြးခဲ့တာေတာင္ ငါ့အခ်စ္ကို မေထာက္ ကင္းခြန္ေၾကာက္လို႔ သစၥာေဖာက္ရက္တယ္တဲ့ အစိမ္းေသလို႔မကြၽတ္တဲ့ဘဝ အခ်စ္ကိုစိတ္နာ သူေပးတဲ့ က်ိန္ စာက ဒီေနရာကို အတြဲလာ ကြဲေစတဲ့ဗ်ာ. . .
အဲဒီေတာင္ကို အရင္က မိန္းမဝဲေတာင္လို႔ ေခၚေဝၚရာကေန ကာလေ႐ြးလွ်ား မိန္းမရဲေတာင္ အျဖစ္ထင္ရွားခဲ့တာေလ ထူးဆန္းတာကရွိေသးတယ္ ေယာက္ေကာ္ ဘရေသ့ႀကီးေပါ့ သူ႕ကို အိပ္မက္ ေပးတဲ့ နန္းဧကရီေမႊး ဆို တဲ့ ရွမ္းမင္းသမီးေလးက မိန္းမရဲေတာင္ ဆိုတာကို ျမန္ျပည္တစ္လႊားမွာရွာၿပီး သာသနာျပဳေပးပါတဲ့
ေယာက္ေကာ္ဘရေသ့ႀကီး ကလည္း အိပ္မက္အရ ေတာင္ေတာ္ကို လိုက္ရွာရင္ ေတာင္ေတာ္ရဲ႕အေရွ႕ဘက္ ႐ြာငံ ေအာင္ပန္းကားလမ္း မႀကီးမွာ ကားကသူ႕ အလိုလို စက္ရပ္လို႔ ကားပ်က္သြား ခဲ့တယ္ဆိုပဲ ကားဆရာကႀကိဳးစားျပဳျပင္ေပမဲ့မရ ညေနညိုေစာင္းကားလမ္း ေဘးခ်ဳံေတာထဲမွ အစိမ္းေရာင္ဝတ္ ရွမ္းမေလးတစ္ေယာက္ထြက္လာတယ္
ဘရေသ့ ရွာေနတဲ့ မိန္းမရဲေတာင္ ဆိုတာက ေဟာ အခုျမင္ေနရတဲ့ ျမင့္မားတဲ့ေတာင္ ေပၚဒဲ့ စကားေျပာၿပီး ခ်ဳံေတာထဲျပန္ဝင္ ေပ်ာက္ကြယ္ သြားေလရဲ႕. .
ဆန္းက်ယ္လွပါဘိ.ဒီစာကိုေရးေနရင္းေတာင္ က်ေနာ္ ၾကက္သီး ေမႊးညွင္းေတြ တစ္ျဖန္းျဖန္းထကာ ေၾကာက္စိတ္ေတြ ဝင္ေနမိတယ္ဆိုတာ
Credit: SaiNaungေတာင္တန္းေျမမွမီးအိမ္ရွင္